Thursday, June 6, 2013

သိန်းဖေမြင့် - ဟစ်တလာ-ချိန်ဘာလိန်


အပျက်အစီးတို့ကြားမှ တဆန့်ငင်ငင် လှုပ်ရှားနေသောလက်နှစ်ချောင်းကိုလည်း သင်မြင်ရပေမည်။
ကွေးချည်-ဆန့်ချည် ဖြစ်နေသော ခြေထောက်နှစ်ချောင်းကိုလည်း သင်မြင်ရပေမည်။ လူသေတွေ အလောင်းကောင်တွေကို
မြေမမြှုပ်နိုင်တော့သဖြင့် လင်းတစာ-၀က်စာ ကျွေးထားရသည်ကိုလည်း တောင်ပုံယာပုံ တွေ့ရပေမည်။ လမ်းပေါ်တွင်
လူသေကောင်တွေများလှရာ ဖယ်ရှား၍မနိုင်တော့သဖြင့် စစ်လက်နက်တင်ကားကြီးများသည် အလောင်းကောင်တွေပေါ်ကို
လမ်းလုပ်လျက် မောင်းသွားသည်ကိုလည်း ကြုံရသည်။ သင်သည် ယင်ထောင်သောစက္ကူကိုမြင်ဖူးသည်မဟုတ်လော
စက္ကူပေါ်တွင်ယင်သေတို့သည် မဲနေ၏။ ထို့အတူခေါင်းပြတ်များသည် စစ်မြေပြင်ပေါ်တွင် မဲနေ၏....
ဆရာသိန်းဖေမြင့်က စစ်တစ်ခါဖြစ်ရင် တွေ့ကြရတဲ့ အနိဋ္ဌာရုံတွေကို ရေးပြထားတာပါ အဲသလိုသာတွေ့ရရင် ကျွန်တော်ရူးမယ်ထင်ပါရဲ့......

စာအုပ်ဖတ်ရန်


No comments:

Post a Comment