ဆရာချစ်ဦးညိုနဲ့ဆရာမောင်ဝဏ္ဏတို့ရဲ့အချစ်ဝတ္ထုနှစ်ပုဒ်ပါ။ ဆရာမောင်ဝဏ္ဏရဲ့ပုံကို စပြီးမြင်ဖူးတဲ့အချိန်မှာ ဒီလိုပုံစံနဲ့လူတစ်ယောက်က ဒီလိုအနုအရွလေးတွေ ရေးတတ်တာကိုအံ့သြမိပါတယ်။ ကဲ့ရဲ့တာမဟုတ်ပါဘူး ဖတ်ကြည့်ရင်သိမှာပါ မိန်းကလေးတစ်ယောက်ရဲ့နေရာက ခံစားမှုမျိုးကိုပေါ်လွင်အောင် သူလိုရေးတတ်ဖို့ (ဒီစာအုပ်ကတော့ မြန်မာပြည်သားကပါ)
စာအုပ်ဖတ်ရန်
ဝတ္ထုတို၊ ၀တ္ထုရှည်၊ မှတ်တမ်း၊ လျှို့ဝှက်သည်းဖို၊ စုန်းတစ္ဆေ၊ ကျန်းမာရေး၊ ဗဟုသုတ၊ စွယ်စုံကျမ်းများ၊ ကွန်ပျူတာဆိုင်ရာ၊ ဖုန်း
Showing posts with label ချစ်ဦးညို. Show all posts
Showing posts with label ချစ်ဦးညို. Show all posts
Tuesday, May 7, 2013
ခင်မျိုးချစ်+ချစ်ဦးညို - လောကဇာတ်ခုံ ဇာတ်ခုံလောက
ဒေါ်ခင်မျိုးချစ်က ပုဂံမရောက်ဖူးရင်၊ ပဉ္စင်းမတက်ဖူးရင် ဇာတ်ပွဲမကြည့်ဖူးရင် မြန်မာမဟုတ်ဖူးလို့သူ့သားကိုဆုံးမပါတယ်တဲ့။ ဒီစာအုပ်ထဲမှာ ကမ္ဘာ့ဇာတ်ခုံ မြန်မာ့ဇာတ်ခုံနဲ့ပတ်သက်တဲ့ စိတ်ဝင်စားဖွယ်အကြောင်းလေးများကို တော်တော်များများဖော်ပြထားပါတယ်။ မြန်မာ့ဇာတ်ခုံအကြောင်းကတော့ ထဲထဲဝင်ဝင်မသိပဲနဲ့ရေးဖို့လုံးဝမဖြစ်နိုင်တဲ့အရာပါ ဆရာချစ်ဦးညိုရဲ့ကျေးဇူးကြောင့် သိခွင့်ရပါတယ်။ အညွှန်းထဲမှာ ပန်တြာကျောင်းကကျောင်းသားတွေကအစ ဇာတ်သဘင်လောကအဆုံး လက်စွဲပြုရမယ့်စာအုပ်ဖြစ်ပါတယ်လို့ မှတ်ချက်ပေးထားပါတယ်။
စာအုပ်ဖတ်ရန်
စာအုပ်ဖတ်ရန်
ချစ်ဦးညို - ယာဇ
ပေါရိသာဒ အကြောင်းနောက်ခံထားတဲ့ စာအုပ်ပါ။ ထုံးစံအတိုင်း သူ့ရဲ့ကိုယ်ပိုင်ဇာတ်လမ်းလေးတွေနဲ့ရောပြီးရေးဖွဲ့ထားပါတယ်....
စာအုပ်ဖတ်ရန်
စာအုပ်ဖတ်ရန်
ချစ်ဦးညို - အကြောင်းအကျိုးအကောင်းအဆိုးတို့အလည်
ဆရာချစ်ဦးညိုရဲ့စာထက် သူ့ရဲ့လေကိုပိုကြိုက်ပါတယ်။ စာပေဟောပြောပွဲမှာဟောတဲ့စကားတွေကိုဆိုလိုတာပါ ဟောပြောပွဲဆိုတော့လည်း သူ့စာအုပ်တွေထဲကလို ဇာတ်ဟန်၊ နန်းဟန်၊ ရာဇ၀င်ဟန်တွေနဲ့ပြောလို့မရတော့ပါဘူး နောက်ပြီးသူ့မှာ ဟာသဥာဏ်လည်းရှိပါတယ်။ ဒီစာအုပ်ဟာ စာပေဟောပြောပွဲမှာပြောသလို စကားပြေနဲ့ရေးထားတာပါ၊ သူ့ထုံးစံအတိုင်း ရာဇ၀င်တွေတော့ပါပါတယ်။ ဒါပေမယ့် (ကျွန်တော့အမြင်အရ)ဖတ်လို့ပိုကောင်းတယ်ထင်ပါတယ်။ သူကောက်ချက်ချပုံလေးတွေလည်းထည့်ထားသေးတာကိုး...
စာအုပ်ဖတ်ရန်
စာအုပ်ဖတ်ရန်
ချစ်ဦးညို - ၀ိဇိတာဝီ
ဖခင်ဗိမ္မိသာရမင်းကြီးကိုသတ်ပြီးတဲ့နောက် အဇာတသတ်မင်းဟာ ဒုဂ္ဂတိနိမိတ်များသာထင်နေလို့ ညဖက်အိပ်လို့မရပါ၊ သာမညဖလသုတ်ကိုနာကြားရတဲ့အခါမှသာ အိပ်လို့ပျော်ပါတယ်။ နောက်ပိုင်းမှာတော့ သူဟာရတနာသုံးပါးကို ကြီးစွာသောပူဇော်သက္ကာရပြုပြီး ပုထုဇဉ်တို့တွင်ဖြစ်သောသဒ္ဓါတရားမှာ သူနဲ့ယှဉ်နိုင်သူမရှိတဲ့ ပြိုင်ဘက်ကင်းဥပါသကာတစ်ယောက်ဖြစ်လာပါတယ်။ နောက်နောင်ငရဲကျခံရမယ့်နှစ်ပေါင်းခြောက်သောင်းက လွန်မြောက်လာရင် ပစ္စေကဗုဒ္ဓါဖြစ်ပါမယ် “၀ိဇိတာဝီ”ဆိုတာ အဆိုပါပစ္စေကဗုဒ္ဓါဘ၀မှာ ခံယူရရှိမယ့်နာမည်ဖြစ်ပါတယ်.... (ဒီစာအုပ်က foreverspace.com ကပါ)
စာအုပ်ဖတ်ရန်
စာအုပ်ဖတ်ရန်
ချစ်ဦးညို - ဒုဋ္ဌဂါမဏိ
နောင်ပွင့်လတံ္တ့သော မေတ္တေယျဘုရားရှင်ရဲ့ လက်ယာရံ အဂ္ဂသာဝကဖြစ်မယ့် ဒုဋ္ဌဂါမဏိမင်းကြီးအကြောင်း ရေးဖွဲ့ထားတဲ့ စာအုပ်ပါ။
စာအုပ်ဖတ်ရန်
စာအုပ်ဖတ်ရန်
ချစ်ဦးညို - နှင်းကေသရာချစ်တဲ့သူရဲကောင်း
ရာဇဓိရာဇ်၊ အမတ်ဒိန်၊ သမိန်ဗြတ်ဇ၊ ဟံသာဝတီ၊ အင်းဝ စတဲ့သမိုင်းနောက်ခံနဲ့ သူရဲကောင်းမတ်သံလုံ(လဂွန်းအိမ်)ရဲ့ဘ၀ပန်းချီပါ။ စိတ်ဝင်စားဖို့ကောင်းတဲ့စာအုပ်ပါ ခက်တာက စာအုပ်ထဲကဇာတ်ကောင်တွေကို မြင်ယောင်တဲ့အခါ ပုဂံသားလော၊ တကောင်းသားလောဆိုပြီး လက်မောင်းတွေကိုညှစ်ညှစ်ပြနေတဲ့ ဆေးဆိုးပန်းရိုက်ထိုးကွင်းတွေနဲ့ ပေါကြောင်ကြောင်သရုပ်ဆောင်တွေရဲ့ပုံကိုပဲမြင်မြင်နေတော့ စိတ်ညစ်ရပါတယ်။
စာအုပ်ဖတ်ရန်
စာအုပ်ဖတ်ရန်
ချစ်ဦးညို - သမိုင်းမတွင်ပေမယ့်
သမိုင်းထဲကတချို့ပြောစကားတွေက နောင်လာနောက်သားတွေအဖို့ မှတ်မှတ်ရရဖြစ်စရာတွေနဲ့တွဲဖက်ထင်ရှားနေတတ်ပြန်ပါတယ်။ ဥပမာ - စောလူးမင်းပြောတဲ့ “ကျန်စစ်သားငါ့ကိုခိုးပြီ” ဆိုတဲ့စကားရဲ့နောက်မှာ ငရဲပန်းကိုရွှေပန်းထင်တဲ့ စောလူးမင်းရဲ့အဖြစ်ဆိုးကအမှတ်ရစရာပါ။ ဒီလိုအဖြစ်တွေကို ရွေးထုတ်တင်ပြထားပါတယ်။ (mmcybermedia.com ကယူထားတဲ့စာအုပ်ပါ)
စာအုပ်ဖတ်ရန်
စာအုပ်ဖတ်ရန်
ချစ်ဦးညို - ရှင်စောပု
မြန်မာ့သမိုင်းမှာ တစ်ဦးတည်းသောဘုရင်မအကြောင်းကို မိဖုရားဘ၀မှ ဘုရင်မဖြစ်သည်အထိ ၀တ္ထုဇာတ်လမ်းဆင်ပြီးသရုပ်ဖော်ထားပါတယ်။ ၀တ္ထုဆိုတော့လည်း သမိုင်းထဲမှာမပါတာလေးတွေကိုစိတ်ကူးနဲ့ဖြည့်ထားတာတွေရှိတာပေါ့၊ ဆရာချစ်ဦးညိုရဲ့စာအုပ်တွေဖတ်သူတိုင်းသိတဲ့ကိစ္စပါ။ (ဒီစာအုပ်ကတော့မြန်မာပြည်သားကပါ)
စာအုပ်ဖတ်ရန်
စာအုပ်ဖတ်ရန်
ချစ်ဦးညို - ချစ်သူမင်းနန္ဒာ
လင်္ကာဒီပချစ်သူလိုပါပဲ၊ ရှင်မွေ့နွမ်း မင်းနန္ဒာဇာတ်ကို modify လုပ်ထားပါတယ်။ ကိုယ်သိထားတဲ့သမိုင်းပုံပြင်တွေကိုမေ့ထားပြီးဖတ်ရင်တော့ စာရေးဆရာရဲ့ဇာတ်လမ်းထဲမျောပါသွားမယ့်စာအုပ်ပါပဲ...(ဒီစာအုပ်ဟာ cyberbooks.myanmarchat.org ကပါ)
စာအုပ်ဖတ်ရန်
စာအုပ်ဖတ်ရန်
ချစ်ဦးညို - စာမရီသို့ထူးထူးခြား
ဘုရားအလောင်း ဘူရိဒတ္တနဂါးမင်းအကြောင်း သိသင့်သလောက်သိကြမှာပါ။ ဘူရိဒတ်လို့လည်းခေါ်ပါတယ်။ လူ့ပြည်လာပြီးဥပုသ်သီလစောင့်နေသူနဂါးမင်းနဲ့ ဖမ်းဆီးနှိပ်စက်သူပုဏ္ဏားအကြောင်းကို ပုံပြင်လိုကြားဖူးတာတိုတိုလေးပါ ဒါပေမယ့် စာအုပ်တစ်အုပ်လိုဖြစ်အောင် ဖွဲ့နွဲ့လို့ရတာအံ့သြစရာလေးစားစရာပါ၊ ဒါနဲ့ပဲမြောပါသွားတော့တာပေါ့....(ချယ်ရီသစ္စာကရပါတယ်)
စာအုပ်ဖတ်ရန်
စာအုပ်ဖတ်ရန်
ချစ်ဦးညို - အစီရ၀တီ ကုဏလကေသ
ကျွန်မ တစ်ယောက်ကမွေးတဲ့သားဖြစ်လို့ သူထိုင်တဲ့နေရာကိုနွားနို့နဲ့ဆေးပြီးသန့်စင်အောင်ပြန်လုပ်ရတယ်ဆိုသူ သာကီဝင်ဆွေမျိုးတွေကိုအကုန်သတ်တဲ့ ၀ိဋဋူပ အကြောင်းကိုဗုဒ္ဓဘာသာဝင်များသိကြပါတယ်။ ဗုဒ္ဓမြတ်စွာဘုရားရှင်ကိုယ်တိုင် တရားချလို့မရသူ ၀ိဋဋူပ နဲ့ သူ၏ဆွေမျိုးများအကြောင်းဖတ်ရင်းက ဗုဒ္ဓ၀င်တွေလည်းအနည်းအကျဉ်းသိခွင့်ရပါလိမ့်မယ်။ (ချယ်ရီသစ္စာကစာအုပ်ပါ)
စာအုပ်ဖတ်ရန်
စာအုပ်ဖတ်ရန်
ချစ်ဦးညို - ရတနာဂီရိအကျဉ်းသား
(သမိုင်းနောက်ခံဝတ္ထုရှည်၊ linhtet.com က ရတဲ့စာအုပ်ပါ)
အရည်မချင်းမရှိဘူးလို့ပဲပြောပြော မိန်းမကြောက်ရသူလို့ပဲထင်ထင် သီပေါမင်းကတော့ ကျွန်တော်တို့မြန်မာပြည်ရဲ့နောက်ဆုံးမင်းတစ်ပါးပါ။ သမိုင်းထဲမှာ ထူးချွန်တဲ့မျိုးဆက်ရယ်လို့ချန်မထားနိုင်ခဲ့ပဲ စိတ်ဆင်းရဲခြင်းကြီးစွာနဲ့ တိုင်းတပါးမှာကွယ်လွန်သွားရှာတဲ့ သီပေါမင်းရဲ့ ပါတော်မူပြီးနောက်ပိုင်း သူ့ဘ၀ရဲ့နေ၀င်ချိန်တွေကို တစိတ်တပိုင်းတော့နားလည်လာမယ့်စာအုပ်ပါ။ ထုံးစံအတိုင်းအဖွဲ့အနွဲ့တွေများပေမယ့် ဖတ်ရတာစိတ်ဝင်စားစရာကောင်းပါတယ်၊ ကိုယ့်နိုင်ငံရဲ့ ဘုရင်တစ်ပါးဖြစ်နေလို့ပိုစိတ်ဝင်စားရတာပါ။
စာအုပ်ဖတ်ရန်
အရည်မချင်းမရှိဘူးလို့ပဲပြောပြော မိန်းမကြောက်ရသူလို့ပဲထင်ထင် သီပေါမင်းကတော့ ကျွန်တော်တို့မြန်မာပြည်ရဲ့နောက်ဆုံးမင်းတစ်ပါးပါ။ သမိုင်းထဲမှာ ထူးချွန်တဲ့မျိုးဆက်ရယ်လို့ချန်မထားနိုင်ခဲ့ပဲ စိတ်ဆင်းရဲခြင်းကြီးစွာနဲ့ တိုင်းတပါးမှာကွယ်လွန်သွားရှာတဲ့ သီပေါမင်းရဲ့ ပါတော်မူပြီးနောက်ပိုင်း သူ့ဘ၀ရဲ့နေ၀င်ချိန်တွေကို တစိတ်တပိုင်းတော့နားလည်လာမယ့်စာအုပ်ပါ။ ထုံးစံအတိုင်းအဖွဲ့အနွဲ့တွေများပေမယ့် ဖတ်ရတာစိတ်ဝင်စားစရာကောင်းပါတယ်၊ ကိုယ့်နိုင်ငံရဲ့ ဘုရင်တစ်ပါးဖြစ်နေလို့ပိုစိတ်ဝင်စားရတာပါ။
စာအုပ်ဖတ်ရန်
ချစ်ဦးညို - လောကဓံနှင့်လမ်းလျှောက်ထွက်ခြင်း
လူ့ဘ၀မှာ တက်တခါ ကျတလှည့်အချိန်တွေနဲ့ရင်ဆိုင်ကြရတဲ့အခါဘယ်လိုရင်ဆိုင်ကြတဲ့အကြောင်း ဆရာချစ်ဦးညိုက စာပေဟောပြောပွဲမှာဟောသလို(ရာဇ၀င်စာအုပ်တွေမှာအဖွဲ့အနွဲ့များပေမယ့် ဟောပြောရင်တော့ ရယ်စရာလေးတွဲပြီးဟောတတ်လို့) ရေးထားတာပါ။
စာအုပ်ဖတ်ရန်
စာအုပ်ဖတ်ရန်
ချစ်ဦးညို - လင်္ကာဒီပချစ်သူ
မြန်မာစာရေးဆရာတွေ ချီးကျူးကြတဲ့ ကဲ့ရဲ့ကြတဲ့ နာမယ်ကြီးစာအုပ်ပါ။ မြန်မာစာအဖွဲ့အနွဲ့အရမ်းကောင်းတဲ့ဆရာချစ်ဦးညိုက ရာမဇာတ်ထဲက ဒဿဂီရိကို မင်းသားလုပ်ထားတော့ ရာမနဲ့လက္ခဏာကလူကြမ်းတွေဖြစ်ရရှာပါတယ် ပွဲမဆူပဲခံနိုင်ရိုးလားဗျာ.... (ဒီစာအုပ်ကိုဘယ်ကယူမိသလဲမသိပါ)
စာအုပ်ဖတ်ရန်
စာအုပ်ဖတ်ရန်
ချစ်ဦးညို - နေမင်းလမင်းသိန်းရာထောင်
ဖွားဘက်တော်ခုနှစ်ပါးမှာအပါအ၀င်ဖြစ်တဲ့ဘုရားရှင်ရဲ့ညီတော်အာနန္ဒာမင်းသားနေရာက ခံစားရေးထားတာပါ။
စာအုပ်ဖတ်ရန်
စာအုပ်ဖတ်ရန်
ချစ်ဦးညို - စက္ကရုနှင့်ဘဒ္ဒါ
အယုဒ္ဓယသို့ အလောင်းမင်းတရားတပ်များသွားရောက်တိုက်ခိုက်ပြီး အပြန်ခရီးအကြောင်းအရာနောက်ခံဇာတ်လမ်းပါ။ စာရေးဆရာရဲ့ကိုယ်ပိုင် ဇာတ်လမ်းလေးတွေပါထည့်သွင်းထားတာကြောင့် ကျွန်တော်တို့သိထားနှင့်တဲ့ဖြစ်ရပ်များနှင့်တစ်ထပ်တည်းတူချင်မှတူမှာပါ။ ဒီစာအုပ်ကို ဘယ်ကယူမိလဲမသိတော့ပါ။
စာအုပ်ဖတ်ရန်
စာအုပ်ဖတ်ရန်
Subscribe to:
Posts (Atom)